HDD,  Flash  Drive,  etc  စတာတွေကို Forencisally Sound Manner (Imaging) အနေနဲ့ Bit  by  Bit  Image ယူတဲ့အခါမှာ HDD,  Flash  Drive မှာ ရှိသလောက် Bit တွေကို အကုန်ရရှိတာမဟုတ်ပါဘူး။ ပုံမှာ ပြထားတဲ့ User Addressable နေရာကိုပဲ Image လုပ်ယူနိုင်တာဖြစ်ပါတယ်။ 

Service/System Area ထဲမှာပါဝင်တဲ့ Servo  Information,  Firmware, SMART   (Self-Monitoring,   Analysis   and   reporting Technology ) စတဲ့ အချက်အလက်တွေကို မရရှိနိုင်ပါဘူး။ Servo Information ကတော့ HDD ရဲ့Spindle  လည်ပတ်နှုန်း  Head နဲ့ Actuator Arm ရွေ့လျားမှုဖြစ်ပါတယ်။ Firmware ကိုတော့ PCB ရဲ့ ROM ထဲမှာ ရှိပြီး HDD  Boot Up လုပ်ဖို့  HDD ထဲမှာ သိမ်းထားတဲ့ Data တွေရဲ့ Physical , Logical ​Location တွေကို Compuer ကို ပြောပြပေးပါတယ်။

Host  Protected  Area     (HPA) ထဲမှာ ပါဝင်တာကတော့ Factory  Reset,  Diagnostic Programs တွေဖြစ်ပါတယ်။ အချို့သော Malwares တွေက Detect

မဖြစ်အောင် HPA ထဲမှာ ရှိနေတတ်ပါတယ်။ 

Device   Configuration   Overlay   (DCO) ကတော့  PC Laptop Vendor တွေကနေ သူတို့ထုတ်မဲ့ အမျိုးအစား Operation System အပေါ်မူတည်ပြီး တပ်ဆင်မဲ့ HDD အမျိုးအစားမျိုးစုံကို  သတ်မှတ်ချက်နဲ့ကိုက်အောင် HDD Storage ပမာဏ ပြုလုပ်တာဖြစ်ပါတယ်။

HPA DCO တွေပါချင်ရင်တော့ Support ပေးနိုင်မဲ့

Analysis Tool နဲ Hardware ကို ရွေးချယ် ရမှာပါ။

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool