Digital Forensic Quizs (6-25)

 Digital Forensic Quizs (6-25) 

India t Information Technology Act, 2000 (ITA 2008) , Indian  Penal  Code  (IPC),  Indian  Evidence Act (IEA) ပေါ်တွင် မူတည်ပြီး ပြုလုပ်ထားသော  အမေး အဖြေများ ဖြစ်ပါသည်။

#Question 

Digital Forensics Professional တစ်ယောက်က Cyber Law ကိုသိသင့်ပါသလား ? သိသင့်တယ်ဆိုရင် ဘာလို့သိသင့်တာလဲ ? 

#Answer 

မေးခွန်းကိုဖြေမယ်ဆိုရင် သိသင့်သလို မသိရင်လဲ ရတယ်လို ဖြေချင်ပါတယ်။ ဒါပေမဲ့ သိသင့်တယ်ဆိုတာကို နည်းနည်းဇောင်းပေးပြီး ပြောပါရစေ။ Digital  forensics  ဆိုတာက     techno-legal  field  ဖြစ်တာကြောင့် Forensics Report ကိုရေးသားပြင်ဆင်သူက တရားရုံးမှာ သက်သေထွက်ဆိုရမှာ ဖြစ်တာကြောင့်  Cyber Law ကိုသိရပါမယ်။ Digital Forensics Professional  တစ်ယောက်က Law ကို လုံးဝမသိဘူးဆိုတာမဖြစ်သင့်ပါဘူး။ အခြားသော ဥပဒေတွေထဲကမှ Cyber Law ကို ကျွမ်းကျွမ်းကျင်ကျင် သိသင့်ပါတယ်။ Digital Forensics Professional  တစ်ယောက်က သူ့ရဲ့တာဝန် အလုပ်နဲ့ ကျင့်ဝတ်တွေကို သိသင့်ပါတယ်။ ဒါမှသာ ပြင်ပအဖွဲ့အစည်း သို့မဟုတ် အစိုးရဘက်မှာ Investigation လုပ်တော့မယ်ဆိုရင် Law ကို သိထားခြင်းဖြင့် ပိုပြီးအဆင်ပြေနိုင်ပါတယ်။ Digital Forensics Professional တစ်ယောက်အနေနဲ့ opinion (ထင်မြင်ယူဆချက်)  ပေးတဲ့အခါမှာ တရားရုံးမှာ ပြန်လှန်မေးခွန်းမေးတဲ့အခါမှာ Law ကို သိထားရင် ပိုပြီး အဆင်ပြေနိုင်ပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ opinion ကို အများသိအောင် ပြောကြားနိုင်မှာဖြစ်ပါတယ်။ တစ်ကယ်တန်းပြောရရင် Cyber Law သာမက အခြားသော ပတ်သတ်ဆက်နွယ်နေတဲ့ ဥပဒေတွေကိုပါသိထားသင့်ပါတယ်။ ဒါမှ ကိုယ်စစ်ဆေးတဲ့ Evidences တေထဲမှာ အကျုံးဝင်လာခဲ့ရင် ကိုယ့်အတွက်ပို အဆင်ပြေမှာ  ဖြစ်ပါတယ်။ Law ကို လုံးဝမသိဘူးဆိုရင် DF Professional တစ်ယောက်အနေနဲ့ အဆင်မပြေနိုင်ပါဘူး။ DF Professional  ရဲ့ အဓိက တာဝန်က Case နဲ့ပတ်သတ်တာကို Analysis လုပ်ရုံပဲဖြစ်ပါတယ်။ သူ့ Professional က ဥပဒေထက် နည်းပညာ ကျွမ်းကျင်မှုက ပိုပြီး အဓိက ကျပါတယ်။ ကျွမ်းကျင်မှုရှိမှသာ Evidence တွေကို Analysis လုပ်နိုင်မှာ ဖြစ်ပါတယ်။ နည်းပညာ တိုးတက်လာမှုကြောင့်  စိမ်ခေါ်မှု များစွာက  Digital Forensics  Field မှာသာမက investigators နဲ့   judiciary  ပိုင်းမှာပါ ရှိနေပါတယ်။ Cyber Law  ကျွမ်းကျင်မှု နည်းပညာ ကျွမ်းကျင်မှု တွေက စိန်ခေါ်မှု အဖြစ်ရှိနေမှာပါ။ AI အသုံးချမှု များလာတာကြောင့် AI နဲ့ ပတ်သတ်တဲ့ Cyber Law တွေ Investigation နဲ့ Cyber Law မှာ AI အသုံးချတာတွေ လိုအပ်လာပါလိမ့်မယ်။

"The role of a digital forensics expert is to carry out forensic analysis  of  digital  artefacts  that  come  to  his  lab  for  analysis and   produce   an   authentic,   reliable   and   legally   tenable forensic report that can stand the scrutiny of law." 

Digital Forensics Professional တစ်ယောက် အနေဖြင့် တရားရုံးတွင် သက်သေခံရန်အတွက် ပြင်ဆင်ရန် အချက်များ 

Digital Forensic Analyis ပြုလုပ်ရာမှာ  အဓိက လိုက်နာရမည့် အချက်အချို့မှာ 

၁။ Analysis လုပ်ထားပြီးသော အချက်အလက်များကို မလွဲမှား  မပျောက်ပျက် စေရန်။

၂။ မူရင်း Evidence Devices ပေါ်တွင် မည်သည့်အခါမှ စစ်ဆေးခြင်း မပြုလုပ်ရန်။ 

၃။ စစ်ဆေးနေစဉ်အတွင်း လိုင်စင်ရှိသော digital forensic Tools များကိုသာ အသုံးပြုရန်။ 

(Open Source အသုံးပြုပါက အသုံးပြုသော Tools အကြောင်း အချက်အလက်များကို စစ်ဆေးသုံးစွဲရန်။ )

၄။ စစ်ဆေးနေစဉ်အတွင်း  ပတ်ဝန်းကျင်မှ မည်သူ့ကိုမျှ မယုံကြည်ရန်။ 

၅။ စတင်စစ်ဆေးချိန်မှ စတင်ပြီး စစ်ဆေးသမျှ အဆင့်တိုင်းကို Document ပြုလုပ်ရန်။ 

၆။ ဥပဒေကို သေချာသိရှိရန်။

ကြုံတွေ့နိုင်သည့် အမေး အဖြေများ 

#Question 

Digital Forensics နဲ့ပတ်သတ်တဲ့ qualifications  နဲ့   experience တွေက ဘာတွေလဲ ? 

#Answer

ရရှိထားသောဘွဲ့။ Digital Forensics နှင့်ပတ်သတ်သော Certificate/Course , အတွေ့အကြုံ

#Question 

ယခု Forensics  Report ကို  ကိုယ်တိုင်ရေးသားတာလား (သို့မဟုတ်) Evidences Analysis လုပ်ရာမှာ ကိုယ်တိုင် ပြုလုပ်တာလား ? မည်သူကရေးသားပြီး (သို့မဟုတ်) မည်သူက စစ်ဆေးတာလဲ 

# Answer 

Opinion ကို ကောင်းကောင်း ပေးနိုင်ခြင်း ရှိ၊မရှိ မေးမြန်းတာ ဖြစ်သောကြောင့် 

ရေးသားသူ (သို့မဟုတ်) စစ်ဆေးသူ ဖြစ်ကြောင့် ရှင်းလင်းရန်။

#Prosecution_Lawyer #Question 

ယခု Forensics  Report ကို ရေးသားသူ စစ်ဆေးသူ ဘယ်သူလဲ။ Report ပေါ်က လက်မှတ်က ရေးသားသူရဲ့ လက်မှတ် မှန်ကန်ပါသလား ? 

#Answer

မူရင်းလက်မှတ် မှန်ကန်ကြောင်း သက်သေပြရန် 

#Question 

cyber law အကြောင်းနဲ့ ယခု Case နဲ့ ပတ်သတ်တဲ့ Law  အကြောင်းကို  ကောင်းစွာ သိပါသလား ? 

#Answer 

ကျွမ်းကျင်မှု ရှိ မရှိ  ဖြေဆိုရန် 

#Question

Evidence ကို Lab သို့ သယ်ဆောင်လာပုံ၊ Lab မှာ Analysis ပြုလုပ်ပုံကို ရှင်းလင်းပြနိုင်မလား ? 

#Answer 

Evidence Report  Form နှင့် Chain Of Custody (COC) Form  ထဲတွင်ပါဝင်ပြီး ဖြစ်ကြောင်း ရှင်းလင်းရန်။ 

နောင်လာနိုင်မည့်  မေးခွန်း  အဖြေများတွင် ဖြေဆိုမှုနှင့် Report ထဲတွင် ပါဝင်တာ ထပ်တူကျရန်။ 

#Question 

Mobile Phones Analysis  ပြုလုပ်ပုံကို ရှင်းလင်းပြနိုင်မလား ? 

#Answer 

Evidence Report  Form ထဲတွင် စစ်ဆေးပုံ Opinion နှင့် စစ်ဆေးသော Forensis Tool အကြောင်းပါဝင်ပြီး ဖြစ်ပါသည်။ နောင်လာနိုင်မည့်  မေးခွန်း  အဖြေများတွင် ဖြေဆိုမှုနှင့် Report ထဲတွင် ပါဝင်တာ ထပ်တူကျရန်။ 

#Question 

Evidence Report   က မှန်ကန်ပါတယ်လို့ သင့်ဘက်က ပြောနိုင်ပါသလား ? 

#Answer 

ခိုင်မာစွာ ပြောနိုင်ပါတယ်။ 

#Defence_Lawyer #Question 

#Question 

စစ်ဆေးနိုင်ရန် အတွက် Digital Forensis Lab က အဆင့်အတန်း မှီပါသလား ? 

#Answer 

Lab ရဲ့ Standard နှင့် Lab အတွက် ရထားသော ထောက်ခံချက်များ ပြသရန် 

#Question

Evidence ရဲ့integrity  ကို မှန်ကန်ကြောင်း ပြသနိုင်ပါသလား ? 

#Answer 

integrity  နှင့် ပက်သတ်ပြီး Forensics Report ထဲတွင်ပါဝင်ပြီး ဖြစ်ပါတယ်။  

#Question 

Original Evidence  Devices တွေကို စစ်ဆေးပြီး ဘယ်လို ထိန်းသိမ်းထားရှိသလဲ ? မူရင်းကို ယခု တင်ပြနိုင်မလား ? 

#Answer 

Imaging ပြုလုပ်ပြီးနောက်ပိုင်း ထိန်းသိမ်းထားရှိပုံကို ဖြေဆိုရန် 

#Question 

စစ်ဆေးနေစဉ် ဘယ်လို Tools မျိုးကို အသုံးပြုသလဲ လိုင်စင်ရော ရှိပါသလား ? 

#Answer 

Forensics Report ထဲတွင် မည်သည်ကို သုံးထားသည်ကို  အသေးစိတ် တွေ့နိုင်ပါသည်။ 

#Question 

သုံးစွဲထားတဲ့ Tools ကို ဘယ်လိုယုံကြည်လို့ ရနိုင်မလဲ ? 

#Answer

အခြားသော Tools  ဖြင့် Evidence  ရရှိထားပုံကို ပြသရန် (သို့ မဟုတ် )  အခြားသော Tools ဖြင့် စစ်ဆေးခံနိုင်ကြောင်း ပြောရန်

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool