Critical Thinking Skills - Open-Source Intelligence

 Psychological Warfare ( Who,What,Where,When,Why,How)

Who

 ကျွန်တော်တို့ A ဆိုတဲ့ သတင်းအချက်အလက်ကို ရရှိလာတဲ့အခါ A နဲ့ပတ်သတ်ပြီး လက်ရှိမှာ ဘယ်သူ အကျိုးအမြတ်ရမလဲ A နဲ့ပတ်သတ်ပြီး  နောင်တစ်ချိန်မှာ ဘယ်သူ အကျိုးအမြတ်ရမလဲ A နဲ့ပတ်သတ်ပြီး လက်ရှိမှာ ဘယ်သူ ထိခိုက်နိုင်သလဲ A နဲ့ပတ်သတ်ပြီး နောင်တစ်ချိန်မှာ ဘယ်သူ ထိခိုက်နိုင်သလဲ A နဲ့ပတ်သတ်ပြီး အထိခိုက်အများဆုံးက ဘယ်သူဖြစ်နိုင်မလဲ A နဲ့ပတ်သတ်ပြီး အထိခိုက် အနည်းဆုံးက က ဘယ်သူဖြစ်နိုင်မလဲ A နဲ့ပတ်သတ်ပြီး ဘယ်သူက ဘယ်နေရာက သတင်းထုတ်ပြန်တာလဲ A နဲ့ပတ်သတ်ပြီး ဘယ်သူက အဓိက ဆုံးဖြတ်ချက်ပေးတာလဲ သတင်းအချက် A ထဲမှာ Key Point , Key Person, Key People ကဘာလဲ A နဲ့ပတ်သတ်ပြီး ပြောဆိုဆွေးနွေးနေတာတွေ ကဘာတွေလဲ A နဲပတ်သတ်ပြီး ကိုယ်တိုင်ဆုံးဖြတ်နိုင်မလား အခြားသူအကြံယူသင့်သလား A နဲပတ်သတ်ပြီး အခြား Information Source တွေရှိနိုင်သလား A နဲပတ်သတ်ပြီး  လက်ရှိနေရာမှာ ပုံစံတူ အရင်ကရှိခဲ့ဖူးလား၊ ကမ္ဘာမှာရော A လိုမျိုးပုံစံတူ အရင်ကရော အခုလက်ရှိရောဖြစ်ခဲ့လား A နဲ့ပတ်သတ်ပြီး ကိုယ်တိုင် ယူဆချက်ပေးလို့ရမလား ( အယူအဆကို အစွန်မရောက်စေပဲ) A ကိုယုံသင့်သလား အသုံးချသင့်သလား 

What

 A ဆိုတဲ့ သတင်းအချက်အလက် ရရှိလာတဲ့အခါ အားနည်းချက် အားသာချက် ကဘာလဲ မှားယွင်းတဲ့ အချက်အလက်တွေပါသလား Positive or Negative   ဖက်ရောက်အောင်ပြောင်းနိုင်မလား ကိုယ်လိုချင်သလို ရည်ရွယ်ချက်ကောက်ယူနိုင်သလား အရေးကြီးသလား အရေးမကြီးဘူးလား အခြားသော ရှူထောင့်ကကြည့်ရင် ဘယ်လိုဖြစ်မလဲ ဘယ်လိုပြောင်းပြီး မြင်နိုင်သလဲ ဘယ်လို ခုခံခြေပနိုင်မလဲ #Where A ဆိုတဲ့ သတင်းအချက်အလက် ရရှိလာတဲ့အခါ ဘယ်နေရာမှာ ဘယ်အချိန်တွေမှာ   ဖြစ်ပျက်ဖူးတာတွေကို  မြင်ဖူးကြားဖူးသလား တူညီတဲ့ နေရာ အခြေအနေတွေ ဘယ်နေရာတွေမှာ ဖြစ်ခဲ့လဲ အခြားသော အချက်အလက်တွေ ရနိုင်မလား ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကနေ ဘယ်လိုသင်ခန်းစာ အကြံရယူနိုင်မလဲ ဘယ်လောက်ထဲ ပြသာနာတွေ ဖြစ်ခဲ့လဲ ဘယ်လို တိုးတက်မှု ဆုတ်ယုတ်မှုတွေ ရှိခဲ့သလဲ  ရှိလားနိုင်သလဲ ဘယ်နေရာကို အကျိုးသက်ရောက်မှု အနည်း-အများဆုံးဖြစ်နိုင်မလဲ 

When 

A ဆိုတဲ့ သတင်းအချက်အလက် ရရှိလာတဲ့အခါ ဘယ်အချိန်တွေမှာ လက်ခံမှု လက်မခံနိုင်မှုတွေ ရှိလာနိုင်သလဲ ဘယ်အချိန်မှာ ကိုယ့်အတွက်  အောင်မြင်မှု  ဆုံးရှူံးမှုတွေ ရှိလာနိုင်တာကို သိရှိနိုင်မလဲ ကိုယ်ွအတွက် အရေးကြီးတဲ့  ကိစ္စဘယ်အချိန်မှာ ဖြစ်လာနိုင်မလဲ ကိုယ့်အတွက် ပြသာနာဖြစ်လာနိုင်မလား ဘယ်အချိန်မှာ ပြောင်းလဲနိုင်မလဲ ဘယ် အချိန်ရောက်ရင်  အကျိုးသက်ရောက်လာနိုင်မလဲ ဘယ်အချိန်မှာမှ Action ယူသင့်သလဲ 

Why

 A ဆိုတဲ့ သတင်းအချက်အလက် ရရှိလာတဲ့အခါ ဘာအကြောင်းကြောင့် ပြာသာနာ အခက်ခဲဖြစ်လာတာလဲ ဒီအကြာင်းကို အခြားလူတွေကို အသိပေးသင့်သလား ကိုယ့်အပေါ်သက်ဆိုင်လာနိုင်လား ဒါမှမဟုတ် အခြားသူအပေါ်သက်ရောက်နိုင်မလား (ဘာလို့လဲ) ဘာလို့ ဒီလိုတွေဖြစ်နေတာလဲ ဘာလို့ အဆိုး အကောင်းတွေ ဖြစ်လာတာလဲ အဆိုး အကောင်းတွေကို ခွင့်ပြုသင့်သလား ဘယ်လိုအကြောင်းကြောင့်လူတွေကို လွှမ်းမိုးထားနိုင်ရတာလဲ 

How 

A ဆိုတဲ့ သတင်းအချက်အလက် ရရှိလာတဲ့အခါ အခြားသော အရာတွေ အဖြစ်ပျက်တွေနဲ့ ဘယ်လိုတူညီနေတာလဲ ကိုယ်အတွက် ။ အခြားလူတွေအတွက် ဘယ်လို အကျိုးရှိနိုင်မလဲ အနှောက်အယှက်တွေ ရှိလာနိုင်မလား ကိုယ့်အတွက် ။  အခြားလူတွေအတွက် ဘယ်လို အနှောက်ယှက် ရှိနိုင်မလဲ အမှန်ကို ဘယ်လိုသိနိုင်မလဲ နောင်တစ်အချိန်မှာ ဘယ်လိုဖြစ်လာနိုင်မလဲ အကောင်းဘက် အဆိုးဘက် ဘယ်လိုပြောင်းလဲနိုင်မလဲ (Fake News ဟုတ် မဟုတ်ကိုလဲ အလားတူခွဲခြားပါသည်။ ) (W5H အမေးတွေကို Forensics  လုပ်တဲ့သူနဲ့ ဂျာနယ်လစ်တွေပါ အသုံးပြုကြပါသည်)

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool