Law Enforcement Request System (Facebook)

 Law Enforcement Request System (Facebook)

Facebook law-guidelines မှာ တောင်းဆိုနိုင်တဲ့ Case တွေကို ဖော်ပြထားပါတယ်။ Case တစ်ခုခြင်းဆီမှာ သတ်မှတ်ချက်တွေ အပြင်ထပ်မံပြီး ကန့်သတ်ထားတာတွေကို တွေ့နိုင်ပါတယ်။

ကိုယ်တောင်းဆိုမဲ့ အချက်အလက်တွေက သတ်မှတ်ချက်အတိုင်း ကိုယ်ညီမယ်ဆိုရင် Law Enforcement Request System ကို Government Official Mail နဲ့ Request လုပ်ပြီး Online Request System ကိုဝင်ရောက်နိုင်ပါတယ်။(System ကနေ မတောင်းဆိုချင်ဘူးဆိုရင် Facebook Security, Law Enforcement Response Team လိပ်စာကို ပေးပို့နိုင်ပါတယ်။ Online System က ပိုပြီး မြန်ပါတယ်။ (Official Mail မရှိရင် ကိုယ်သုံးစွဲမည့် Email ကို သီးသန့် Register လုပ်ရပါမယ်) Facebook နဲ့ Instagram Account နဲ့ပတ်သတ်တဲ့ အချက်တွေကို တောင်းဆိုနိုင်ပါတယ်။ (အတုအယောင်လုပ်ပြီး မဟုတ်မမှန် တောင်းဆိုလို့မရနိုင်ပါ တရားစွဲခံရနိုင်ပါတယ်) ။ Online Request System မှာ တောင်းဆိုမယ်ဆိုရင် သက်ဆိုင်ရာတရားရုံးရဲ့ တရားဝင် Warrant (English) လို လိုအပ်ပါတယ်။

Law Enforcement အဖွဲ့အစည်းအပြင် တရားရေးဝန်ထမ်း ခုခံချေပမည့် ရှေ့နေ ၊ ရှေ့နေအဖွဲ့အစည်းတွေမှ လဲတောင်းဆိုနိုင်ပါသည်)

(Facebook နဲ့ Instagram စသုံးကတည်းက ဘယ်လိုအချက်အလက်တွေကို Facebook က Collect လုပ်မယ်ဆိုတာ တစ်ခါတည်း သတ်မှတ်ထားပါတယ်)

တရားဝင်အရဆိုရင် Account တစ်ခုကို Law Enforcement Request လုပ်ပြီးဆိုတာနဲ့ Account ပိုင်ရှင်ဆီကို Facebook ကနေ တရားဝင် Email ပို့ပါတယ်။

Law Enforcement Request အတွက် Facebook ကနေ ဘယ်လို အချက်အလက်တွေကို ပြန်ပေးမလဲဆိုရင် "Download Your Information မှာပါတဲ့ Data Policy အတိုင်းဖြစ်ပါတယ်။

Data Policy = facebook-privacy-explanation

Government-Data-Requests မှာ နိုင်ငံအလိုက် အစိုးရတွေမှ တရားဝင်တောင်းဆိုမှုတွေကို ကြည့်နိုင်ပါတယ်။

Myanmar မှ တရားဝင်တောင်းဆိုမှု Myanmar-Request

ယခုစာပါ အကြောင်းအရာများသည် ပြည်ပ Law Enforcement အဖွဲ့အစည်းများ ပြုလုပ်လျှက်ရှိသော အကြောင်းအရာများအပေါ် တွင် လေ့လာရေးသားထားခြင်း ဖြစ်ပါသည်။


Facebook Warrant တောင်းဆိုပြီး လက်ခံလို့ အချက်အလက်ပြန်လာတဲ့အခါ Zip File နဲ့ရရှိလာမှာဖြစ်ပါတယ်။ Json , Html နဲ့ Result ပြန်ပေးတဲ့အထဲမှာ HTML Type နဲ့က Browser ရှိရင် ပိုကြည့်လို့ အဆင်ပြေပါတယ်။ Facebook က ပြန်လည်ပေးတဲ့ အချက်အလက်က ကျွန်တော်ကို သုံးနေတဲ့ Account Setting မှာပါရှိတဲ့ Your Facebook Information အချက်အလက်တွေပဲဖြစ်ပါတယ်။



Law Enforcement Request System ကနေ ပြန်လာတဲ့ Zip ကို ဖြည်ကြည့်လိုက်တဲ့အခါ မြင်ရမည့် ပုံစံဖြစ်ပါတယ်။ (HTML ကို ဖြည်ထားတာပါ) 




Warrant အတွက် Support ပေးတဲ့ Forensics Tools ရှိပါလဲ ရရှိလာတဲ့ File ကို ထည့်ပြီး Analysis လုပ်နိုင်ပါတယ်။ (UFED Physical Analyzer ကိုအသုံးပြုထားပါသည်) 








Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool