Digital Forensics Part (41) CCTV and DVR Forensics Part (2)



First Responder အပိုင်း Chain of Custody အပိုင်းတွေက ဖော်ပြပြီးဖြစ်လို့ သီးသန့်မဖော်ပြတော့ပါဘူး။ Lab ကိုရောက်လာတဲ့ အချိန်မှာ CCTV Record ဟာ DVR သို့မဟုတ် DVD ,Stick အစရှိသည်ဖြင့် ပုံစံမျိုးစုံနဲ့ရောက်ရှိလာနိုင်ပါတယ်။ အကောင်းဆုံးကတော့ DVR ဒါမှမဟုတ် မူရင်း Storage media ကတော့ အကောင်းဆုံးပါ။ တစ်ဆင့်ခံအနေအထားနဲ့ ရောက်ရှိလာရင် Resolution အနေအထား Evidence ကောက်ချက်ဆွဲမှုတွေမှာ ကန့်သတ်ချက်တွေရှိလာနိုင်ပါတယ်။ 

DVR, NVR အတိုင်းရောက်ရှိလာတာလား 
(DVR အခြေအနေ) (အမျိုးအစား) 
Storage ပဲရောက်ရှိလာတာလား ( Storage Size) 
Storage အတိုင်းဆိုရင် DVR ရဲ့ setting ကဘယ်လိုမျိုးလဲ 
(DVR ဒါမှမဟုတ် Storage media fill ဖြစ်ရတဲ့ အကြောင်းအရင်းတွေလဲသိထားရပါမယ်) 
အစရှိသည်ဖြင့် စစ်ဆေးရပါမယ် ... ကျန်စစ်ဆေးရမဲ့ အပိုင်းတွေကတော့
စာရှည်နေမှာမို့ မရေးတော့ပါဘူး။ အချို့သော လူတွေကတော့ record မပေးချင်တဲ့ အတွက်ရော မပေါ်ချင်တာရောနဲံ အမျိုးမျိုး လိမ်လည်နိုင်ပါတယ်။ မည်သို့ပင်ဆိုစေ နည်းပညာအရ စစ်ဆေးနိုင်သော နည်းလမ်း
များစွာရှိပါတယ်။ :)

Storage အပိုင်း Fill ဆိုရင်တော့ မှုခင်းအလိုက် Concept နဲ့ အတူ Hard Disk Recovery Concept နဲ့ဆက်စပ်လုပ်ဆောင်ရပါမယ်။ Recovery ပိုင်းမှာ နည်းနည်းလောက်ကွဲပြားတာရှိပါတယ်။ 
စစ်ဆေးတဲ့ Theory တွေထဲကမှ အရေးကြီးတဲ့ အချက်တွေကတော့

Image enhancing လုပ်တဲ့အပိုင်း (example Image Transcoding)

Tracking The Target ( more Source Require... ) 

Comparing ( image database Require) 

Demonstrative Comparison

Height Calculating 

etc .... အစရှိသည်ဖြင့်ရှိပါတယ်။ 

CCTV ,DVR Forensics သဘောတရား အပြင် အခြားလိုအပ်တဲ့အချက်တွေကတော့ HR အင်အားရယ် စိတ်ရှည်မှုရယ်ပါ။ IQ EQ AQ အကုန်လုံးကို အသုံးချရမှာဖြစ်ပါတယ်။ ဆက်စပ်အသုံးချရမဲ့ Hard ware တွေရဲ့ စွမ်းဆောင်ရည်ကလဲ အရေးကြီးပါတယ်။ 
စစ်ဆေးပုံအချို့ကို example case အနေနဲ့ကြည့်မယ်ဆိုရင် ပထမပုံက
bamakhit ကနေ မကြာသေးခင်ကမှ တင်ထားတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့ သေနတ်နဲ့ အနုကြမ်းစီးတဲ့ CCTV ကို ခွဲခြမ်းစိတ်ဖြာထားပုံပါ။(Download ယူပြီး စမ်းထားတာပါ :)
Video File က Low Resolution အနေအထားဖြစ်နေပါတယ်။ Resolution ကို အနည်းငယ်ပြောင်းကြည့်ပါတယ် .မူရင်းမကောင်းတဲ့အတွက်ရော Resolution ပိုင်းကျွမ်းကျင်သူလိုအပ်တာရော Hardware အနေအထားအရရော အနည်းငယ်သာပြောင်းလဲပါတယ်။ 

ပြီးရင် အနေအထားအရ 1 မိနစ်စာ Video file ကို လှုပ်ရှားမှုအလိုက် ထပ်ပြီးခွဲခြားလိုက်ပါတယ်။ ကျွန်တော် နမူနာ ခွဲခြားထားတာက အနေအထားပေါင်း 410 ရရှိပါတယ်။ ခွဲဖြာပုံအလိုက် ပြောင်းလဲနိုင်ပါတယ်။ ဘာလို့ခွဲခြားရလဲဆိုရင် အပိုင်းတွေများစွာထဲကနေမှ ဆက်စပ်သုံးသပ်ပြီး တရားရုံးမှာ သက်သေခိုင်လုံအောင် တင်ပြနိုင်အောင်ပါ။ 

ဒုတိယပုံ တတိယပုံ ကတော့ cambodia က Case ပါ Resolution အနည်းငယ်ကောင်းပါတယ်။ ဖုန်းလုတဲ့ CCTV မှတ် တမ်းပါ။ အသေးစိတ် လှုပ်ရှားမှုအလိုက် ခွဲခြမ်းပြီး ယူထားပါတယ်။ Motion များစွာပါတဲ့အတွက် 600 ကျော်လောက်ထိရနိုင်ပါတယ်။ နည်းပညာအပြည့်အစုံရယ် စစ်ဆေးပုံ တွေးဆပုံ အကြောင်းအရာ အပြည့်အစုံ ကိုတော့ ငဲ့ရမယ့် အခြားသော အဖွဲ့အစည်းတွေရှိလို့ အပြည့်အစုံမရေးခဲ့နိုင်တာ Sorry ပါ။ ဒီလောက်ဆို ဆက်စပ်ပြီးလေ့လာလို့ရပါပြီး။ Print Screen ကြောင့် ပုံအရည်အသွေးသိပ်မကောင်းပါ။  


Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool