Secure Your Online Banking & ATM
Online Banking နှင့် ATM အသုံးပြုရာတွင် သတိပြုရမည့်အချက်များ
********************************************************************
1- Online Banking အမြဲအသုံးပြုသော Smart Phone, laptop,PC,Tablet Deive များကို အမြဲတမ်း Security Update ပြုလုပ်ပါ.. Internet Browser များမှဝင်ရောက်လေ့ရှိလျှင် Browser များကိုအမြဲတမ်း Update ပြုလုပ်ထားပါ။
2- ငွေလွှဲမှု ပြုလုပ်ပြီးတိုင်း မိမိဘက်မှ Screen shoot သို့မဟုတ် PrintOut ပြုလုပ်ထားပါ။
3- Online Banking Account ကို နေ့စဉ်ပုံမှန်စစ်ဆေးပါ။
4- Bank Account 2 ခုရှိပါက ဖြစ်နိုင်လျှင် တစ်ခုသာ Online နှင့်ချိတ်ဆက်ပါ။
5- လိုအပ်သည့်အချိန်မှလွဲပြီး ငွေကြေးအများဆုံးထည့်ထားခြင်းမှ ရှောင်ကျဉ်ပါ။
6-Online Banking Account အား Public Wifi (cafe Shop, Airpot) အစရှိသည့်နေရာများမှ ၀င်ရောက်ခြင်းကို ရှောင်ကျဉ်ပါ။
7-  ငွေလွှဲ ပြုလုပ်ပြီးတာနဲ့ Logout ချက်ချင်းလုပ်ပါ။ Browser history များ Cookie များကို ရှင်းပစ်ပါ။Browser တွင် Password သိမ်းထားခြင်းမှရှောင်ကျဉ်ပါ။
8- Online Banking Account ရဲ့ Password ကို တစ်ပတ်တစ်ခါ သို့မဟုတ် တစ်လတစ်ခါ အမြဲတမ်းပြောင်းပါ။
9- Password ကို အနည်းဆုံး ၁၀ လုံးခန့်ပေးပါ။ Eg ($%+cadf89A)
10- Bank Account 2 ခုရှိပါက တစ်ခုနဲ့တစ်ခု Password မတူအောင်ပေးပါ။
11- မိမိ Pin Number ကို မည်သူ့ကိုမှ မပြပါနှင့်။
12- မိမိနောက်ဆုံးဝင်ရောက်ခဲ့သော အချိန် နှင့် လုပ်ဆောင်မှုကို မှတ်သားထားပါ။ မသင်္ကာရင် Password ချက်ချင်းပြောင်းပါ။ တစ်စုံတစ်ခုဖြစ်လျှင် bank သို့ ချက်ချင်းအကြောင်းကြားပါ။
13- Bank မှ ပေးပို့သော mail များ ဘယ်ကနေ ဘာအကြောင်းနဲ့ လာသည်ကို သေချာစွာကြည့်ပါ။ မသင်္ကာလျှင် ဘာမှ မလုပ်ပါနှင့်။
Bank ကို ချက်ချင်းဆက်သွယ်ပါ။
==============================
Safe Your ATM
မိမိနှင့်မရင်းနှီးသော နေရာများရှိ ATM စက်မှ ငွေထုတ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ကျဉ်ပါ။
ငွေမထုတ်ခင် ATM စက်တွင် အပိုကင်မရာ နှင့် အခြားသော Device များချိတ်ဆက်ထားခြင်းရှိမရှိ သေချာစွာစစ်ဆေးပါ။
Bank အတွင်းရှိ ATM စက်များမှသာ အတတ်နိုင်ဆုံး ငွေထုတ်ပါ။
Bank အပြင်တွင်ထားသော ATM စက်များတွင် လုံခြုံရေး ကျိုးပေါက်မှု အများဆုံးဖြစ်လေ့ရှိပါသည်။
ATM အသုံးပြုချိန်တွင် မိမိဘေးတွင် လူမရှိသော အခါမှသာ အသုံးပြုပါ။ မသိသောသူကို အကူညီတောင်းခြင်းမပြုပါနှင့်။
ငွေထုတ်နေစဉ် တစ်စုံတစ်ခုဖြစ်ပါက ATM မှမထွက်ခွာမှီ Bank သို့ ချက်ချင်းဆက်သွယ်ပါ။
Pin No ကို အနည်းဆုံး တစ်လတစ်ခါ ပြောင်းလဲပါ။
(လူ့အမှားကြောင့် သတင်းအချက်အလက် ကျိုးပေါက်မှုသည် အများဆုံးဖြစ်ပါသည်)

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Volatility Workbench (GUI) for the Volatility tool