SSD - DRAM (Dynamic Random Access Memory)
SSD - DRAM (Dynamic Random Access Memory) Law အတန်းက နားနေတော့ စာတွေလဲ ပြန်ရေးရမယ် နောက်ထပ် Forensic Software တွေလဲ Update လုပ်မယ် ဆိုပြီး SSD Upgrade လုပ်ဖို့ လိုက်ရှာရင်းနဲ့ SSD မှာ ပါတဲ့ DRAM အကြောင်းရေးဖြစ်တာပါ။ Facebook နဲ့ အခြား Social Platform တွေမှ DRAM အကြောင်း မြန်မာလိုရေးထားတာလဲ မရှိလို့ပါ။ ဈေးကွက်ထဲမှာ DRAM ပါတဲ့ SSD နဲ့ မပါတဲ့ SSD က ဈေးကွာသလိုရေရှည်အသုံးပြုနိုင်တာလဲ ကွာပါတယ်။ SSD (Solid-State Drive) ဆိုတာ Hard Disk Drive (HDD) ထက် အမြန်ဆုံး storage device ဖြစ်တယ်ဆိုတာ အများသိပြီးသားပါ။ ဒါပေမဲ့ SSD တွေထဲမှာတောင် အမျိုးအစား နှစ်မျိုးရှိပါတယ်။ DRAM SSD နဲ့ DRAM-less SSD တို့ပဲဖြစ်ပါတယ်။ 👉DRAM ဆိုတာဘာလဲ? DRAM (Dynamic Random Access Memory) ဆိုတာက SSD ထဲမှာပါဝင်တဲ့ cache memory ဖြစ်ပါတယ်။SSD က data တွေကို NAND flash ထဲမှာ သိမ်းပါတယ်။ DRAM (Dynamic Random Access Memory) ဆိုတာ SSD, GPU, PC Motherboard စတဲ့ hardware တွေမှာ အသုံးပြုတဲ့ memory chip (integrated circuit) တစ်ခုပဲဖြစ်ပါတယ်။ DRAM က data ကို အချိန်အတိုင်းအတာတစ်ခုအတွင်းသာ သိမ်းဆ...