Network Action Predictor (Browser Forensic)
အခြားသက်သေများက သံသယရှိသူအား အခင်းဖြစ်ပွားရာနေရာတွင် ရှိနေကြောင်းသာ ပြသနိုင်ပေမဲ့ Search History က အခင်းမဖြစ်ပွားမှီ ရက်ပိုင်း ရက်သတ္တပတ် ဒါမှမဟုတ် လပေါင်းများစွာကတည်းက ရှိနေသော ရည်ရွယ်ချက်ကို ဖော်ထုတ်ပေးနိုင်ပါတယ်။
ဥပမာ Melanie McGuire "Suitcase Killer" အမှုမှာ တရားလိုဘက်မှ Browser History ကို အဓိကထား တင်ပြခဲ့တယ်။ သူမက ခင်ပွန်းဖြစ်သူ မသေဆုံးမှီ ရက်ပိုင်းအလိုကတည်းက "လူသတ်နည်း" နှင့် "ရှာဖွေမတွေ့နိုင်သော အဆိပ်များ" ကို ရှာဖွေခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ Browser History ကသူမရဲ့ Mens Rea (The Guilty Mind) ကိုဖော်ပြနိုင်ခဲ့ပါတယ်။ သူမရဲ့ ခုခံချေပချက်ကို ချေဖျက်နိုင်ခဲ့ပြီး တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ရန်အတွက် အဓိက အထောက်အထား ဖြစ်ခဲ့ပါတယ်။
နောက်ထပ် ဥပမာကတော့ မိမိ၏ကလေးငယ်အား ပူပြင်းသော ကားထဲ၌ တမင်ထားခဲ့သည်ဟု စွပ်စွဲခံရသော Justin Ross Harris အမှုမှာ Browser History ကအရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ Browser History မှာ ပူပြင်းသောကားအတွင်း ကလေးငယ်များ သေဆုံးမှုနှင့် ပတ်သက်သည့် ရှာဖွေမှုများအပြင် Reddit ရှိ ဆွေးနွေးမှုများကိုပါ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထိုအချက်အလက်များကြောင့် သူက ပေါ့ဆမှုကြောင့်မဟုတ်ဘဲ "တမင်ရည်ရွယ်ချက်ရှိရှိ" ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ခိုင်ခိုင်မာမာ သက်သေပြနိုင်ခဲ့ပါတယ်။
အရင် ရေးခဲ့တဲ့ Browser Forensic အကြောင်းမှာ ကျန်ခဲ့တဲ့ Network Action Predator အကြောင်းဆက်ရေးထားတာပါ။
Chromium Base Browser တွေမှာ ၂၀၁၂ လောက်တည်းက ပါလာပေမဲ့ အခုအချိန်မှာတော်တော် သုံးရတာအဆင်ပြေလာပါတယ်။ Network Action Predictor ဆိုတာက ဥပမာ လူတစ်ယောက်က " how to make a b " ဆိုတာကို browser မှာရိုက်လိုက်ရင် Predictor Databe မှာ အရင်က ရှာထားခဲ့ဘူးတဲ့ bomb ဆိုတာကို ရှာဖို့ User ကိုပြပေးပါမယ်။ ဘာလို့လဲဆိုရင် Browser တွေက အရမ်းမြန်ချင်ပါတယ်။ User က Website တစ်ခုကို ဖွင့်ဖို့ စဉ်းစားနေတုန်းမှာပဲ Browser က နောက်ကွယ်ကနေ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားချင်ပါတယ်။ ဒါ့ကြောင့် User ရဲ့ အတိတ်က အပြုအမူ (Past Behavior) ကို လေ့လာပြီး "သူ ဒါကို နှိပ်လောက်တယ်" ဆိုပြီး ကြိုပြီးခန့်မှန်းတာဖြစ်ပါတယ်။ ဒါဆိုရင် how to make a black coffee ဆိုတာကိုရှာဖို့ ရိုက်တာဖြစ်ပါတယ်လို့ ငြင်းနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ စိတ်ထဲက ရည်ရွယ်ချက် (Intent) ကို သက်သေပြဖို့ ခက်ခဲပေမယ့်၊ Network Action Predictor ကတော့ မလိမ်ပါဘူး။ Predictor Database မှာအရင်က ရှာဖူးတဲ့ Bomb နဲ့ပတ်သတ်တဲ့ history တွေရှိလို့သာ How to make bomb ဆိုတာကိုပြသတာဖြစ်ပါတယ်။
နောက်အရေးကြီးတဲ့ အချက်က Browser History ကို Clear လုပ်ရင်တောင် Predictor Database က ကျန်နေပါသေးတယ်။
Predictor Database Location -
Window
Path: C:\Users\%USERNAME%\AppData\Local\Google\Chrome\User Data\Default\Network Action Predictor
MacOS
Path: /Users/[User Name]/Library/Application Support/Google/Chrome/Default/Network Action Predictor
Linux
Path: /home/[User Name]/.config/google-chrome/Default/Network Action Predictor
Chromium Base Browser (Chrome, Edge, Brave , Opera )
Chrome မှာ Analysis အတွက် လုပ်ရတဲ့ History, Cookies, Login Data, Web Data (Autofill), Network Action Predictor စတဲ့ SQLite Database ဖိုင်တွေဟာ Microsoft Edge သို့မဟုတ် Brave မှာလည်း နာမည်တူ (သို့) ပုံစံတူ အနေနဲ့ ရှိနေတတ်ပါတယ်။
User Data တွေကို သိမ်းဆည်းတဲ့ လမ်းကြောင်း (Path) လေးတွေပဲ ကွာသွားမှာပါ။
Chrome
C:\Users\%USERNAME%\AppData\Local\Google\Chrome\User Data\Default\
Edge
C:\Users\%USERNAME%\AppData\Local\Microsoft\Edge\User Data\Default\
Brave
C:\Users\%USERNAME%\AppData\Local\BraveSoftware\Brave-Browser\User Data\Default\
Opera
C:\Users\%USERNAME%\AppData\Roaming\Opera Software\Opera Stable
Comments