SSD Recovery, Limitation and Suggestion
Digital Forensic ရှုထောင့်ကနေကြည့်ရင် SSD တွေရဲ့ လုပ်ဆောင်ပုံဟာ ရိုးရိုး Hard Drive (HDD) တွေနဲ့ လုံးဝမတူတဲ့အတွက် သေချာနားလည်ထားဖို့ လိုအပ်ပါတယ်။ SSD မှာ Data တွေဖျက်လိုက်ရင်ဘာဖြစ်သွားလဲ? အခုခေတ်ပေါ် SSD တွေမှာ TRIM Function ကို ပုံသေ (Default) အနေနဲ့ထည့်သွင်းပေးထားပါတယ်။ TRIM ဟာ SSD ရဲ့ သက်တမ်းကို ပိုရှည်စေဖို့နဲ့ Performance ကို ထိန်းသိမ်းဖို့အတွက် Wear Levelling နဲ့ Garbage Collection (GC) စနစ်တွေနဲ့ ပေါင်းစပ်အလုပ်လုပ်ပါတယ်။ Data ကို ဖျက်လိုက်တဲ့အခါ ဒါမှမဟုတ် Drive ကို Format ချလိုက်တဲ့အခါ အောက်ပါအတိုင်း ဖြစ်သွားတတ်ပါတယ် - 👉TRIM Command ပေးပို့ခြင်းအပိုင်း။ OS ကနေ SSD Controller ဆီကို ဒီဒေတာတွေ မလိုအပ်တော့ကြောင်း TRIM Command ပို့လိုက်ပါတယ်။ 👉Invalid အဖြစ် သတ်မှတ်ခြင်းအပိုင်း။ SSD Controller က အဆိုပါ Flash Blocks တွေကို "အသုံးမဝင်တော့တဲ့ (Invalid Block )" အဖြစ် မှတ်သားလိုက်ပါတယ်။ 👉Garbage Collection (GC) လုပ်ဆောင်ခြင်း။ နောက်ပိုင်းမှာ GC စနစ်ကနေ Data ရှိနေတဲ့ Blocks တွေကို Drive အတွင်းပိုင်းမှာတင် အပြီးတိုင် ဖျက်ပစ် (Erase) လိုက်ပါတယ်။ 👉ဖျက်ဖို့အချိန်သတ်မှ...