Magnet Axiom (AI)


    AI ခေတ်ဆိုတော့ Computer/Mobile Forensics Software မှာတောင် AI ကပါလာပါပြီ။ Photo Video တွေကို Deep Fake ဟုတ်- မဟုတ်ခွဲခိုင်းတာနဲ့ ကျန်တဲ့ AI မှာမေးလို့ရသလို မေးနိုင်ပါတယ်။ နောက်ပြီး ကိုယ်လိုချင်တဲ့ အချက်အလက်တွေ Case File ထဲမှာရှိလား မရှိဘူးလားဆိုတာကို AI ကိုရှာခိုင်းလို့ရပါတယ်။   ဒါပေမဲ့ AI ရဲ့ အဖြေက 100 ရာနှုန်းယုံကြည်လို့မရကြောင်း ထပ်ပြီးသတိပေးထားပါတယ်။ Forensics နဲ့ပတ်သတ်ပြီး AI ကိုလဲနောက်မှာ တစ်ဖြည်းဖြည်းချင်းကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်အောင် လုပ်လာတော့မယ် ထင်ပါတယ်။
    Support ပေးသမျှကိုစမ်းပေမဲ့ ၄၀ ရာနှုန်းလောက်ကိုသဘောမကျ။ Support ပေးသမျှကို Microsoft Copilot မှာ Upload တင်ရမယ်။ ဥပမာ Browser History ကို AI နဲ့ စစ်ချင်ရင် Browser History ကို Upload တင်ရမယ်။ ပြီးမှ ကိုယ်လိုချင်တာမေးမယ်။ ဥပမာ Browser Search မှာ Gun နဲ့ပတ်သတ်တာရှာထားတာရှိရင် Results ပြပါ။ 
ကိုယ်က AI သုံးဖို့အတွက် Case နဲ့ ဆိုင်တာတွေကို Copilot ကို Image or Data upload တင်ပေးရပါတယ်။



Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

Mobile Forensics (Note-1)